Subject: Visions toward a federal land governance system in Myanmar - မြန်မာနိုင်ငံ ဖက်ဒရယ် မြေစီမံအုပ်ချုပ်မှုစနစ် ဆီသို့ မျှော်မှန်းချက် ခြေလှမ်းများ

Visions toward a federal land governance system in Myanmar - မြန်မာနိုင်ငံ ဖက်ဒရယ် မြေစီမံအုပ်ချုပ်မှုစနစ် ဆီသို့ မျှော်မှန်းချက် ခြေလှမ်းများ

Visions toward a federal land governance system in Myanmar

A Commentary by TNI

Saw Eh Say - coordinator of KEAN and recipient of 2020 Tulip Human Rights Award of NL Embassy in Yangon.

Yesterday, on International Human Rights Day, the Embassy of the Kingdom of the Netherlands announced that Saw Eh Say, the coordinator from the Kayah Earthrights Action Network (KEAN), received the 2020 Human Rights Tulip Myanmar Award for his great efforts to promote the right to land in Myanmar. The Human Rights Tulip is an annual award of the Dutch government for outstanding and courageous human rights defenders.

In Myanmar’s evolving transitional context, the land sector is particularly important and strategic: what happens here will have wide effects and long-term consequences. The country’s land issues are directly linked to political, economic and social conditions, with big impacts on the major issues of the day -- such as political reform, efforts to promote peace, national development and social-welfare, environmental sustainability and climate change.

There are many diverse ethnic groups living in different geographical and ecological landscapes. For decades and until today, indigenous ethnic groups and people in rural Myanmar continue on with their customary land and resources management practices based on their diverse cultures, beliefs, and identities. Addressing land issues raises questions about priorities, for example, ‘economic growth’ versus ‘food sovereignty’, in the current transition. How land is defined by who, how land will be administrated using which perspectives, who has what rights, who has the decision-making power -- all these questions must be given serious consideration.



    မြန်မာနိုင်ငံ ဖက်ဒရယ် မြေစီမံအုပ်ချုပ်မှုစနစ် ဆီသို့ မျှော်မှန်းချက် ခြေလှမ်းများ
    TNI သုံးသပ်ချက်စာစု

    Photo: စောအယ်စေး - KEAN အဖွဲ့၏ ညှိုနှိုင်းရေးမှူး၊ ရန်ကုန်မြို့ရှိ နယ်သာလန်နိုင်ငံ သံရုံး မှ ပေးအပ်သော ၂၀၂၀ ခုနှစ် Tulip Human Rights ဆု ရရှိသူ

    ကယားပြည်လူ့အခွင့်အရေးနှင့်သဘာဝဝန်းကျင်ဆိုင်ရာအခွင့်အရေးလှုပ်ရှားဆောင်ရွက်မှုကွန်ရက်မှညှိုနှိုင်းရေးမှူး စောအယ်စေး သည် မြန်မာနိုင်ငံတွင် မြေဆိုင်ရာ အခွင့်အရေးများအား မြှင့်တင်ရန် ကြိုးပမ်းအားထုတ်လုပ်ဆောင်မှုများအတွက် ၂၀၂၀ ခုနှစ် မြန်မာနိုင်ငံ Human Rights Tulip ဆု အား ရရှိခဲ့ကြောင်း နယ်သာလန်နိုင်ငံသံရုံးမှ ယမန်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ တွင် ကြေညာခဲ့သည်။ လူ့အခွင့်အရေး ကျူးလစ်ပန်းဆု(Human Rights Tulip) သည် ထူးချွန်ကာ ရဲစွမ်း သတ္တိရှိသောလူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအတွက် ဒတ်ခ်ျအစိုးရ မှနှစ်စဉ် ချီးမြှင့်သော ဆု တစ်ခု ဖြစ်သည်။

    မြန်မာနိုင်ငံ၏နိုင်ငံရေးအသွင်ကူးပြောင်းကာလ၌မြေယာပြုပြင်ပြောင်းလဲရေးသည်အရေးကြီးသော ကဏ္ဍတစ်ရပ် အဖြစ် တည်ရှိနေပြီး အပြောင်းအလဲတိုင်းတွင် ကျယ်ပြန့်သည့်သက်ရောက်မှုများနှင့် ရေရှည်နောက်ဆက်တွဲ အကျိုးဆက်များရှိမည် ဖြစ်သည်။ မြေအရေးကိစ္စများသည် နိုင်ငံရေး၊ စီးပွားရေး နှင့် လူမှုရေး အခြေအနေများဖြင့် တိုက်ရိုက် ချိတ်ဆက်လျက်ရှိပြီး နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု၊ ငြိမ်းချမ်းရေးဖော်ဆောင်ရန်ကြိုးပမ်းမှု၊ နိုင်ငံဖွံ့ဖြိုးရေးနှင့် သာယာဝပြောရေး၊ သဘာဝ ပတ်ဝန်းကျင်ရေရှည်တည်တံ့ရေး နှင့် ရာသီဥတုပြောင်းလဲမှုအား ထိန်းညှိရေး စသည့် ယနေ့ မျက်မှောက်ကာလ အရေးကြီးကိစ္စရပ်များအပေါ် ကြီးမားစွာသက်ရောက်မှုရှိနေသည်။

    နိုင်ငံတွင်းမတူညီသော ပထဝီနယ်မြေဒေသနှင့်ဂေဟစနစ်ဆိုင်ရာ အခင်းအကျင်းများတွင် တိုင်းရင်းသား လူမျိုးပေါင်းစုံရှင်သန်နေထိုင်ကြလျက်ရှိသည်။ ဌာနေတိုင်းရင်းသားလူမျိုးများနှင့် မြန်မာနိုင်ငံ ကျေးလက်ဒေသများရှိ ပြည်သူများသည် ၎င်းတို့၏ မတူညီသော ယဉ်ကျေးမှုများ၊ ယုံကြည်မှုများ၊ ကိုယ်ပိုင်လက္ခဏာများဖြင့် ဓလေ့ထုံးတမ်းမြေနှင့် အရင်းအမြစ်များအား ယနေ့ထိ တိုင် စီမံခန့်ခွဲအုပ်ချုပ် ထိန်းသိမ်းအသုံးပြုလျက်ရှိသည်။ လက်ရှိ အသွင်ကူးပြောင်း ရေးကာလ၌ မြေအရေးကိစ္စအား ကိုင်တွယ်ဖြေရှင်းရန်ကြိုးစားရာတွင် အထူးသဖြင့် “စီးပွားရေးဖွံ့ဖြိုးမှု”နှင့် အပြိုင် “အစားအစာအုပ်စိုးစီမံမှု” ခေါင်းစဉ်အောက် မှ မြေအား မည်သူက မည်သို့ အဓိပ္ပာယ် ဖွင့်ဆိုမည်နည်း၊ မည်သည့်ရှုထောင့်မှ ကြည့်ကာ မြေအားစီမံအုပ်ချုပ်မည်နည်း၊ မည်သူ့တွင် မည်သည့် အခွင့်အရေးများ ရှိသနည်း၊ မည်သူ့တွင် ဆုံးဖြတ်ချက်အာဏာရှိသနည်း ဆိုသည့် မေးခွန်းများကို အလေးအနက်ထားကာ အရေးတကြီးစဉ်းစား သုံးသပ်ရန် လိုအပ်လျက်ရှိသည်။

     

    Transnational Instituteputting ideas into movement since 1974

    Follow us on Facebook, Twitter, YouTube and Instagram.