|
‘Treat us as a human being’ - Life story of a woman who uses drugs in Myanmar
A Commentary by Zarli Aye Kyaw
|
|
|
|
"We drug users also have our own strengths and skills, and we would like to use these skills to help building up the nation. We want to be a part of it." - Zarli Aye Kyaw (Photo credit Dah Eh)
Zarli Aye Kyaw is a woman who uses drugs from Yangon. She spent over four years in prison for being arrested in September 2014 for drugs use related issues. Zarli was originally sentenced to ten years, but was released in May 2019 following a mass Presidential Amnesty. Jail sentences prescribed by Myanmar drug laws are very lengthy, including for minor offences such as drug use and possession for personal use. The country’s prisons have problematic living conditions and are overcrowded. Access to health care in prisons remains challenging and often dependent on prisoners’ ability to pay bribes. Zarli below relates her life experience and the time she spent in Insein prison, the country’s largest and most infamous detention facility. Over the years, she worked as a peer educator on HIV related issues for a drug user network in Myanmar. She continued similar activities while incarcerated in prison.
This commentary is part of the ten-day global campaign to end violence against women, in which the Drug Policy Advocacy Group – Myanmar (DPAG) also participates together with partners in Myanmar, including female sex workers, women living with HIV, and transgender people. DPAG’s campaign focuses on ending violence against women, including women who use drugs and other women facing intersecting inequalities. The campaign is coordinated by DPAG, and supported by the Sex Worker Network in Myanmar (SWIM), Myanmar Positive Women Network, Myanmar Youth Stars, and the Transnational Institute (TNI). For more information see DPAG’s Facebook page.
|
|
|
|
|
|
“ကျွန်မတို့ကို လူသားထဲက လူသားအဖြစ် နေထိုင်အသက်ရှင်ခွင့်ပေးပါ။” - အမျိုးသမီး မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦး၏ ရင်တွင်းစကားသံ
ဇာလီအေးကျော်၏ ရင်တွင်းစကားသံ
|
|
|
|
|
ကျွန်မတို့ မူးယစ်ဆေးဝါးသုံးစွဲသူတွေမှာလဲ တစ်ဦးချင်းစီရဲ့ ထူးချွန်တဲ့အရာတွေ ရှိပါတယ်။ ဒီအချက်တွေ၊ ပညာတွေကို နိုင်ငံတော်အတွက် တစ်စိတ်တစ်ဒေသမှာ ပြန်လည် အသုံးချခွင့်ပေးပါလို့ ကျွန်မပြောချင်ပါတယ်။ ကျွန်မတို့ကို လူသားထဲက လူသားအဖြစ် အလုပ်ကိုယ်စီနဲ့ ရှေ့ဆက် လူ့ဘဝ သက်တမ်းမှာ လူတန်းစေ့ ရင်ဘောင်တန်းနိုင်ခွင့်ပေးပါ။
ဇာလီအေးကျော်သည် ရန်ကုန်တွင် နေထိုင်သော အမျိုးသမီး မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦး ဖြစ်သည်။ သူမသည် မူးယစ်ဆေးဝါးသုံးစွဲမှု၊ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုတို့ဖြင့် ၂၀၁၄ ခုနှစ်တွင် အဖမ်းဆီးခံခဲ့ရပြီး အကျဉ်းထောင်ထဲတွင် လေးနှစ်ကျော် ငါးနှစ်နီးပါး အချိန်ကုန်လွန်ခဲ့သည်။ တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ် စုစုပေါင်း ဆယ်နှစ်ချမှတ်ခဲ့သော်လည်း ၂၀၁၉ ခုနှစ် မေလတွင် နိုင်ငံတော်သမ္မတရုံး၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ရ၍ ထောင်မှလွတ်မြောက်ခဲ့သည်။ မြန်မာနိုင်ငံရှိ မူးယစ်ဆေးဝါးဥပဒေမှာ ပြစ်ဒဏ်ပေးခြင်းကို အသားပေးသောကြောင့် မူးယစ်ဆေးဝါးသုံးစွဲမှု (၁၉၉၃ မူးယစ်ဆေးဝါးဥပဒေဟောင်းအရ)၊ မူးယစ်ဆေးဝါးပမာဏ အနည်းငယ် လက်ဝယ်တွေ့ရှိမှု ကဲ့သို့သော အသေးစားအမှုများအတွက်ပင် ထောင်ဒဏ်နှစ်ရှည်လများ ကျခံကြရသည်။ မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် လူဦးရေပြည့်ကျပ်နေပြီး ယင်းအခြေအနေက အကျဉ်းသားများအတွက် ထောင်တွင်း နေထိုင်မှု အခက်အခဲများစွာကို ဖြစ်ပေါ်စေသည်။ အကျဉ်းထောင်များတွင် ကျန်းမာရေးဝန်ဆောင်မှု လက်လှမ်းမီရန်အတွက် စိန်ခေါ်မှုများရှိနေဆဲဖြစ်ပြီး အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရန်ပင် အကျဉ်းသားများ အနေဖြင့် အခကြေးငွေ ပေးကြရသည်။ အောက်ပါဖော်ပြထားသော ဇာလီ၏ ဘဝဇာတ်လမ်းအကျဉ်းတွင် အင်းစိန်ထောင်၌ သူမကိုယ်တိုင် ကြုံတွေ့ခဲ့ရသော အဖြစ်သနစ်များကိုလည်း ဖော်ပြထားသည်။ ယင်းအကျဉ်းထောင်မှာ မြန်မာနိုင်ငံရှိ အကြီးဆုံးထောင်ဖြစ်ပြီး အရှေ့တောင်အာရှတွင် လူသိများသည်။ ထောင်ဒဏ်မကျခင်က ဇာလီသည် အိပ်ချ်အိုင်ဗွီ (HIV)၊ မူးယစ်ဆေးဝါးသုံးစွဲမှု အစရှိသည့် အကြောင်းအရာများတွင် ဘဝတူချင်းပညာပေးသူ အနေဖြင့် တက်ကြွစွာ ဆောင်ရွက်ခဲ့သည်။ ထောင်တွင်း၌လည်း သူမ အနေဖြင့် အလားတူ လုပ်ငန်းကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
ယခု ဆောင်းပါးမှာ နိုဝင်ဘာလ (၂၅) ရက်နေ့မှ ဒီဇင်ဘာလ (၁၀) ရက်နေ့အထိ ကျရောက်သော “အမျိုးသမီးများ အကြမ်းဖက်မှုရပ်တန့်ရေး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု” ကို ဂုဏ်ပြုသောအားဖြင့် ရေးသားခြင်းဖြစ်သည်။ ယခုနှစ်တွင် ဤလှုပ်ရှားမှုကို မူးယစ်ဆေးဝါး မူဝါဒပြောင်းလဲခြင်း ထောက်ခံဆွေးနွေးရေးအဖွဲ့ (မြန်မာ) (Drug Policy Advocacy Group – DPAG) က လိင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသော အမျိုးသမီးများ၊ HIVနှင့် အသက်ရှင်နေထိုင်သူ အမျိုးသမီးများ၊ မိန်းမကဲ့သို့ ဝတ်စားဆင်ယင် ပြုမူနေထိုင်သူများ(Transgender)၊ အမျိုးသမီး မူးယစ်ဆေးဝါး သုံးစွဲသူများဖြင့် ပေါင်းစည်း၍ ပါဝင်ခဲ့သည်။ ကျွန်ပ်တို့၏ အဓိကရည်ရွယ်ချက်မှာ လူ့အသိုင်းအဝိုင်းအတွင်း ခွဲခြားပြစ်တင်၊ ဖိနှိပ်ချုပ်ခြယ်ခြင်း ခံစားနေရသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု လျော့နည်းပပျောက် စေရန်ဖြစ်သည်။ ထိုဆယ်ရက်တာ လှုပ်ရှားမှုကို DPAG မှဦးဆောင်၍ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော တော်ဝင်ခရေကွန်ရက် (SWIM)၊ HIVနှင့် အသက်ရှင်နေထိုင်သူ အမျိုးသမီးများကွန်ရက် (MPWN)၊ မြန်မာလူငယ်ကြယ်ပွင့်များကွန်ရက် (MYS)၊ Transnational Institute (TNI) တို့က တက်ကြွစွာ ပူးပေါင်းပါဝင်ကြသည်။ လှုပ်ရှားမှုအသေးစိတ် ပုံရိပ်များကို သိလိုပါက DPAG မျက်နှာစာအုပ်ဖြစ်သော တွင် ကြည့်ရှုနိုင်ပါသည်။
|
|
|
|
|
|
|
- Archive main page
- 2020
- December
- ‘Treat us as a human being’ - Life story of a woman who uses drugs in Myanmar - “ကျွန်မတို့ကို လူသားထဲက လူသားအဖြစ် နေထိုင်အသက်ရှင်ခွင့်ပေးပါ။” - အမျိုးသမီး မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦး၏ ရင်တွင်းစကားသံ
- < PreviousNext >
| | |