Subject: 'Found in the dark' in Burmese and a new comprehensive infographic

Dear TNI friend, 

We are happy to share with you the Burmese translation of our report ‘Found in the Dark’: The Impact of Drug Law Enforcement Practices in Myanmar (October 2016)  

To address its serious drug use problems, the report argues, Myanmar should change its drug policy towards a harm reduction approach. 

Please share “အမှောင်ရိပ်တွင် တွေ့ရှိခြင်း” widely in your networks. 

We also made an infographic to highlight important aspects of the report. For now this is only available in English and a Burmese translation is being worked on. Please let us know if you are interested in receiving a message when the Burmese version is available. 


 
“အမှောင်ရိပ်တွင် တွေ့ရှိခြင်း” မူးယစ်ဆေးဝါးဆိုင်ရာ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ၏ အကျိုးသက်ရောက်မှု
ဤအစီရင်ခံစာသည် မြန်မာနိုင်ငံရှိတည်ဆဲ မူးယစ်ဆေး ဥပဒေမူဘောင်နှင တားဆီးနှိမ်နင်းရေးလုပ်ငန်းများ၏ သက်ရောက်မှုကို မီးမောင်းထိုးပြထားပြီးယင်းဥပဒေ မူဘောင် အဘယ်ကြောင့် ပြောင်းလဲသင့်ကြောင်းကိုလည်း ဆွေးနွေးတင်ပြထားသည်။ အပြစ်ပေးဖိနှိပ်သော မူဝါဒများကြောင့် ထိခိုက်ခံစားနေရသည့်မူးယစ်ဆေးသုံးစွဲသူများ၏ ဘ၀အတွေ့အကြုံများပေါ်တွင် အခြေခံထားသည်။ ဤအစီရင်ခံစာကို မြန်မာနိုင်င မူးယစ်ဆေးသုံးစွဲသူများ ကွန်ရက်နှင့် ပူးပေါင်းပြုစုခဲ့သည်။၎င်းကွန်ရက်သည လက်ရှိမူးယစ်ဆေးသုံးစွဲသူများ၊ မက်သာဒုံး အစားထိုးဆေးသောက်နေသူများ၊ မူးယစ်ဆေး စွဲကုသမှုခံယူနေသူများဖြင့် ဖွဲ့စည်းထားသည်။ ဤအစီရင်ခံစာသည်ကွန်ရက်အဖွဲ့ဝင်များက ပြုလုပ်သော လူတွေ့မေးမြန်းမှုများနှင့် အုပ်စုဖွဲ့ဆွေးနွေးခြင်းများမှကောက်ယူထားသော အချက်အလက်များပေါ်တွင် အခြေခံသည်။စစ်တမ်းတွင်ပါဝင်သည့် မူးယစ်ဆေးသုံးစွဲသူများမှာ မြန်မာနိုင်ငံရှိ ဒေသကြီး (၇) ခုတွင် နေထိုင်သူများဖြစ်ပြီး အချုပ်ထောင်ကျခံဖူးသူများလည်း ဖြစ်ကြသည်။ ၉  

 
အဓိကအချက်များ။ 
 
  • ဘိန်းဖြူ အကြောထဲထိုးသွင်းသုံးစွဲသူများအကြား ဆေးထိုးအပ်နှင့် ဆေးထိုးပြွန်များ မျှဝေသုံးစွဲမှုကဲ့သ အန္တရာယ်မကင်းသော အပြုအမူများကြောင့် မြန်မာနိုင်ငံ ၂ သည် မူးယစ်ဆေးဝါးပြဿနာနှင့် အကြီးအကျယ ရင်ဆိုင်ရလျက်ရှိသည်။ လက်ရှိအခြေအနေတွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်လျက်ရှိသော ပြဿနာများက ဖြေရှင်းရာ၌မူးယစ်ဆေးဝါးသုံးစွဲသူများအား ဖမ်းဆီးခြင်း၊ ထောင်ချခြင်းစသည့် အပြစ်ပေးဖိနှိပ်သော နည်းလမ်းကိုသာ အသုံးပြုလျက်ရှိသည်။ ဤစာတမ်းသည် မြန်မာနိုင်ငံရှိမူးယစ်ဆေးဝါးနှင့် သက်ဆိုင်သော တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ၏ မူးယစ်ဆေးဝါးသုံးစွဲသူများအပေါ်မည်သို့ အကျိုးသက်ရောက်မှုရှိခြင်းက ဆန်းစစ်ထားသည်။ ၎င်းစာတမ်းမှ လက်ရှိကျင့်သုံးနေသော တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအကောင အထည်ဖော်ရာတွင် အောင်မြင်မှုမရှိဘဲ မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ၎င်းတို့၏မိသားစုများသာ အဓိက ထိခိုက်ခံစားရသူများ ဖြစ်လာသည်ကို မီးမောင်းထိုးပြထားသည်။
     
  • မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် မိမိတစ်ကိုယ်ရေသုံးစွဲရန်အတွက် မူးယစ်ဆေးလက်ဝယ်ထားခြင်း တို့အား ရာဇ၀တ်မှုအရ အရေးယူခြင်းသည် မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ၎င်းတို့၏မိသားစုများအား ကြီးစွာသောထိခိုက်မှု ဖြစ်စေလျက်ရှိသည်။ ယင်းအချက်သည် မူးယစ်ဆေးဝါးသုံးစွဲသူများအား ၎င်းတို့နေထိုင်ရာ ပတ်ဝန်းကျင်မှ ခွဲခြားနှိမ့်ချဆက်ဆံခြင်း၊ အန္တရာယ်ရှိသော မူးယစ်ဆေးဝါးသုံးစွဲမ အပြုအမူများ ပိုမိုများပြားလာခြင်းနှင့် ရဲများ၏ဖမ်းဆီးနှိပ်စက်ခံရခြင်းတို့၏ အကြောင်းရင်းဖြစ်သည်။မူးယစ်ဆေးဝါးဥပဒေအရ ဖမ်းဆီးခံရသော အမှု အများစုမှာ ဆေးသုံးစွဲသူများနှင့် အသေးစား ရောင်းဝယ်သူများအပေါ်တွင်သာသက်ရောက်လျက်ရှိသည်။ အကျဉ်းထောင်များတွင်လည်း ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံထားရသော မူးယစ်ဆေးဝါးသုံးစွဲသူများဖြင့် အလွန်အမင်းပြည့်နှက်လျက်ရှိသည်။ အကျဉ်းထောင်များနှင့် ရဲဘက်စခန်းများတွင်လည်း သင့်လျော်သော ကျန်းမာရေးစောင့်ရှောက်မ ပေးနိုင်ခြင်းမရှိဘဲ အကျဉ်းသားများ၏ အခြေခံလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ခြင်းလည်းမရှိပေ။အကြီး စားမူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူများမှာမူ အရေအတွက် အနည်းငယ်မျှသာ ဖမ်းဆီးခံရခြင်း၊ ထောင်ဒဏ်ချမှတ်ခံရခြင်းများရှိသည်။
     
  • အထူးသဖြင့် မူးယစ်ဆေးသုံးစွဲသူအမျိုးသမီးများမှာ ၎င်းတို့၏ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရန အလွန်နည်းပါးသော အကူအညီကိုသာရရှိကြသည်။ များသောအားဖြင့် ၎င်းတို့အား မိသားစုနှင့်ပတ်ဝန်းကျင်မ စွန့်ပစ်လေ့ရှိသောကြောင့် မူးယစ်ဆေးသုံးစွဲသူ အမျိုးသမီးများမှာ ၎င်းတို့အတွက် လိုအပ်သော ၀န်ဆောင်မှုများကို မရရှိကြပေ။
     
  • အပြစ်ပေးဖိနှိပ်သောနည်းလမ်းအစား ‘အန္တရာယ်လျှော့ချရေးနည်းလမ်း’ အပါအ၀င အထောက်အထားအခြေပြုသည့် ကုသမှုများနှင့် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုများ အား မူးယစ်ဆေးသုံးစွဲသူများ၏ ဆန္ဒအလျောက် ရယူသုံးစွဲနိုင်ရန် လက်လှမ်းမီစေသော အစီအမံများရှိသင့်သည်။ ဥပဒေရေးရာ ၀န်ထမ်းများ၏ဖမ်းဆီးနှိပ်စက်အရေးယူမှုများနှင့်တရား စီရင်မှု စနစ် အတွင်း အကျင့်ပျက်ခြစားမှုများကိုလည်း ဖြေရှင်းသင့်သည်။ အန္တရာယ်လျှော့ချရေးနည်း လမ်းများအား ဥပဒေရေးရာဘက်တော်သားများနှင့် ပြည်သူလူထုတစ်ရပ်လုံးကပါ လက်ခံလာစေရန လိုအပ်ပေသည်။ အထက်ပါကိစ္စများအား ကိုင်တွယ်ရန် မူးယစ်ဆေးသုံးစွဲသူများနှင့် မူးယစ်ဆေးကြောင ထိခိုက်ခံစားရသောလူထုအား အပြစ်မပေးဘဲ ကူညီထောက်ပံ့မှုများ ပြုလုပ်နိုင်ရန် မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးဥပဒေများအား ပြင်ဆင်သင့်ပေသည်။
 
 
Transnational Instituteputting ideas into movement since 1974

De Wittenstraat 25
1052 AK Amsterdam
The Netherlands
Follow us on Facebook, Twitter or YouTube.