Subject: Constitution-Making and Peace Process Stagnation in Myanmar

Constitution-Making and Peace Process Stagnation in Myanmar (in Burmese)

    This commentary written by Sai Wansai was first published in English as 'Constitution-Making and Peace Process Stagnation in Myanmar: Will a conditional clause help restore confidence in the 21st Century Panglong Conference?' in September 2018.

    မြန်မာနိုင်ငံတွင် အမျိုးသားငြိမ်းချမ်းရေး ပြန်လည်ညှိနှိုင်းရေးလုပ်ငန်းစဉ်သည် အလုပ်မဖြစ်ဘဲ၊ လက်ရှိအခြေအနေတွင် တုံ့ဆိုင်းလျက်ရှိသည်။

    Kachin traditional manao festival in northern Shan State (Photo credit Tom Kramer)
     
    မြန်မာနိုင်ငံ၏ တိုးတက်မှုဆိတ်သုဉ်းလျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ တည်ဆောက်ရေး

    ခြွင်းချက်စာပိုဒ်တစ်ခုက ၂၁ ရာစု ပင်လုံညီလာခံအပေါ် ယုံကြည်စိတ်ချမှု ပြန်ရလာစေ နိုင်မလား။ စိုင်းဝမ်းစိုင်း

    မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးမှုလုပ်ငန်းစဉ်သည် ရှေ့ဆက်မရွေ့ဘဲ တိုးတက်မှုဆိတ်သုဉ်း နေဆဲဖြစ်သည်။ ၁၄ လခန့် နှောင့်နှေးကြန့်ကြာသွားပြီးနောက် အနည်းငယ်အပြုသဘောဆောင်သည့် အရွေ့ကို ဆောင် ကျဉ်းမည့် ရည်ရွယ်ချက်ဖြင့် တတိယအကြိမ်မြောက် “ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ(UPC-21CP)” ကို ယခုနှစ် ဇူလိုင်လလယ်၌ နေပြည်တော်တွင် စီစဉ်ကျင်းပခဲ့သည်။ ထိုသို့ ကျင်းပခဲ့လင့်ကစား အဓိကကျသည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု၊ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး၊ သယံဇာတအရင်းအမြစ်ခွဲဝေသုံးစွဲရေးနှင့် တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် အခွင့်အရေးကဲ့သို့သော ကိစ္စရပ်များပါဝင်မှုမရှိခဲ့ပေ။ လက်ရှိအချိန်ထိ တိုင်းရင်းသားမျိုးနွယ်စုများ ၏ ပြည်နယ်ဒေသအများအပြား၌ လက်နက်ကိုင်ပဋိပက္ခများနှင့် အသက်အိုးအိမ်ထိခိုက်ပျက်စီးမှုများ ဆက်လက်ဖြစ်ပွား နေဆဲပင်ဖြစ်သည်။ ထို့အပြင် ကချင်နှင့် ရှမ်း ပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာ စစ်ဘေး တိမ်းရှောင်သူဦးရေ တိုးပွားလာရသည့်အထဲ ၂၀၁၇ နှစ်ကုန်ပိုင်း၌ ခေတ်သစ်ကမ္ဘာ့စာမျက်နှာထက် အကြီးမားဆုံးသော လူ သားချင်းစာနာထောက်ထားရေးဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ် ရခိုင်ပြည်နယ်၏ နယ်စပ်တစ်လျှောက် ပေါ်ပေါက် လာခဲ့ပြီး ရိုဟင်ဂျာမွတ်စလင်လူဦးရေ ၇၀၀,၀၀၀ ကျော်ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံသွားခဲ့သည်။

    ရှင်းရှင်းပြောရမည်ဆိုလျှင် ယခုအချိန်သည် ငြိမ်းချမ်းရေးကို မတူကွဲပြားးသည့် ချဉ်းကပ်ဆောင်ရွက်မှုနည်းလမ်းများဖြင့် ပြင်ဆင်ချဉ်းကပ်ရမည့် အချိန်အခါပင်ဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဖော်ဆောင်ရာ ၌ အခက်အခဲပေါင်းများစွာ ကျန်ရှိနေဆဲဖြစ်သည်။ ယင်းတို့အနက် နိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်မှစ၍ ဖြစ်ပွား လာခဲ့သည့် ခါးသီးသည့်ပြည်တွင်းစစ်ကာလများအတွင်း စစ်မှန်၍ တစ်နိုင်ငံလုံးကို လွှမ်းခြုံမှုရှိသည့် နိုင်ငံရေးတွေ့ဆုံဆွေး နွေးပွဲတစ်ရပ်ဖော်ဆောင်ရန် အစဉ်အဆက် ပျက်ကွက်ခဲ့ခြင်းသည် အကြီးမားဆုံးစိန်ခေါ်မှု တစ်ရပ်ဖြစ်စေခဲ့သည်။

    ဤသုံးသပ်ချက်အတွင်း အရေးပါသည့် အချိုးအကွေ့မျိုးကို ဆောင်ကျဉ်းပေးနိုင်မည့် အောက်ပါလုပ်ငန်းစဉ်လေးရပ်ကို စတင်အကောင်အထည်ဖော်ရန် လိုအပ်နေပြီဖြစ်ကြောင်း ဆွေးနွေးတင်ပြထားပါသည်။ ၁) ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မအောင်မြင်ရသည့် အကြောင်းရင်းကို ထဲထဲဝင်ဝင်နားလည်းသဘောပေါက်လာသည်အထိ အသေးစိတ်စုံစမ်းစစ်ဆေးရန်၊ ၂) စစ်ဆင်ရေးလုပ်ငန်းများကို လုံးဝအ ပြီးအပိုင် ရပ်တန့်ထားရန်၊ ၃) တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်၍ ဆောင်ရွက်လာအောင် စတင်ဆောင်ရွက် ရန်နှင့် ၄) “ခြွင်းချက်အပိုဒ်ငယ်”ထားရှိသည့် ချဉ်းကပ်ဆောင်ရွက်မှုနည်းလမ်းကို မိတ်ဆက်ကျင့်သုံးသွားရန် လိုအပ်နေပြီဖြစ်သည်။ ဤကဲ့သို့သော ခဲယဉ်းကျပ်တည်းသည့် ကာလမျိုး၌ ယဲ့ယဲ့လေးကျန်ရှိ နေသည့် မျှော်လင့်ချက်မီးအိမ်လေး ဆက်လက်ထွန်းလင်းနေရန် မဖြစ်မနေလိုအပ်ပါသည်။ ဤကဲ့သို့သော ချဉ်းကပ် ဆောင်ရွက်မှု နည်းလမ်းသစ်များဖြင့် ကြိုးပမ်းကြည့်ရန် ပျက်ကွက်ခဲ့လျှင် ပဋိပက္ခဖျန်ဖြေရာ၌ ကြုံတွေ့လာခဲ့ရသည့် ခေတ် အဆက်ဆက်က ကျရှုံးမှုများနှင့် လက်ရှိရင်ဆိုင်နေရသည့် အတားအဆီးများ ဆက်လက်သက်ဆိုးရှည်နေဦးမည့် အလား အလာရှိသည်။

    TNI ၀က်ဘ်ဆိုဒ်ကို ၀င်ရောက်ကြည့်ရှုရန် အခက်အခဲရှိပါက သုံးသပ်ချက်အပြည့်အစုံကို အောက်ပါလင့်ခ်ကိုနှိပ်၍ ကူးယူ သိမ်းဆည်းနိုင်ပါသည်။

     
    Transnational Instituteputting ideas into movement since 1974

    Follow us on Facebook, Twitter or YouTube.