Subject: Commentary in Burmese: အမျိုးသားရင်ကြားစေ့ရေးနှင့် မြန်မာ့ငြိမ်းချမ်းရေးတိုးတက်ရေး ဆွေးနွေးပွဲ - National Reconciliation and the Advancement of Peace in Myanmar (in Burmese)

National Reconciliation and the Advancement of Peace in Myanmar (in Burmese)

    This commentary written by Lahpai Seng Raw was first published in English as 'National Reconciliation and the Advancement of Peace in Myanmar' in November 2018.

    နိုင်ငံတဝှမ်းမှာရှိတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အားလုံးအတွက် နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းရေးလိုအပ်ချက်



    မစ်ကြီးနားမြို့ ရှိ ဒေသခံများမှ ငြိမ်းချမ်းရေးအတွက် စစ်ပွဲများအား ဆန့်ကျင်ဆန္ဒပြပုံ / Photo credit ဓါတ်ပုံ- ကချင်အမျိုးသားသတင်း
     
    အမျိုးသားရင်ကြားစေ့ရေးနှင့် မြန်မာ့ငြိမ်းချမ်းရေးတိုးတက်ရေး ဆွေးနွေးပွဲ

    ဒေါ်လဖိုင်ဆိုင်းရော်မှ တင်ပြဆွေးနွေးသည်

    "အကျပ်အတည်း ပြဿနာ တစ်ခုကိုမှ နှိုးဆွခြင်းမပြုတဲ့ ကျောင်းတော်၊ စိတ်မသက်မသာ မဖြစ်စေတဲ့ နှုတ်ကပတ်တော်၊ လူတစ်ယောက်ကိုမှ တနုံ့နုံ့နဲ့ မခံချိမခံသာ မဖြစ်စေတဲ့ ဘုရားရှင်ရဲ့ နှုတ်ကပတ်တော်တစ်ခွန်း၊ အဲဒီစကားကို မြွက်ကြားတဲ့နေရာ လူ့အသိုက်အဝန်းထဲမှာ တကယ်ရှိနေတဲ့ မကောင်းမှုကို မထိမတို့တဲ့ နှုတ်ကပတ်တော်တစ်ခွန်း၊ ဒါဟာ ဘယ်လို နှုတ်ကပတ်တော်မျိုးပါလိမ့်။"

    ကက်သလစ် ဆရာတော်ကြီး အော်စကာ ရိုမားရို၊ အယ်လ်ဆာဗဒေါ နိုင်ငံ၊
၁၆ ဧပြီ ၁၉၇၈လ်ဆာဗဒေါ နိုင်ငံ၊
၁၆ ဧပြီ ၁၉၇၈

    ကက်သလစ် ဆရာတော်ကြီး ရိုမားရို (ခုတော့ သူတော်စင် အရှင်သူမြတ် စိန့်ရိုမားရို) ရဲ့စကားတွေဟာ သူပြောခဲ့တဲ့ ၁၉၇၈ ခုနှစ်တုံးကလိုပဲ ခုချိန်ထိ ဝမ်းနည်းအားငယ်စရာကောင်းတဲ့ အမှန်တရားတစ်ခု ဖြစ်နေတုံးပါပဲ။ ကိုးကွယ်ယုံကြည်မှု ဘာသာတရားတွေဆိုတာ ကမ္ဘာလောကကြီးရဲ့ အခက်အခဲ ဒုက္ခတွေကနေ ပုန်းရှောင်ဖို့ ထွက်ပြေးဖို့မဟုတ်ပါဘူး။ လူ့လောကရဲ့ လက်တွေ့ဘဝတွေထဲက အခက်အခဲဒုက္ခတွေကို နားလည်ဖို့၊ ကရုဏာအပြည့်နဲ့ တုံပြန်ဖြေရှင်းဖို့လို့ ကျွန်မနားလည်ထားပါတယ်။ ဒါကြောင့်မို့ ခုလို အကြံပေးအဖွဲ့ရဲ့ စီစဉ်မှုနဲ့ ဘာသာပေါင်းစုံ စုဖွဲ့ပြီး ဒီဆွေးနွေးပွဲမှာ ပါဝင်ခွင့်ရကြတာဟာ ဝမ်းမြောက်စရာ အခွင့်ထူးတစ်ရပ်ပဲ ဖြစ်ပါတယ်။


    ကျွန်မကတော့ မြန်မာနိုင်ငံမြောက်ပိုင်းက ကချင်အမျိုးသမီးတစ်ဦးဖြစ်ပြီး၊ တခြားကချင်အများစုလိုပဲ ခရစ်ယာန်ဘာသာဝင်ဖြစ်ပါတယ်။ ကချင်လူမျိုးတွေဟာ ဒီပြည်ထောင်စုကြီး ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းတည်ထောင်ခဲ့ကြတဲ့ တခြားတိုင်းရင်းသားတွေနဲ့တန်းတူ ငြိမ်းချမ်းရေးနဲ့ တရားမျှတရေးကို အမြဲပဲ မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ တရားမျှတရေးအတွက် မျှော်လင့်ချက်ဟာ ၁၉၄၇ ပင်လုံစာချုပ်မှာ ပြင်းပြထက်သန်ခဲ့ကြသလို၊ လွတ်လပ်ရေးရပြီး အကူးအပြောင်းကာလမှာရော၊ နောက်ဆုံး အချင်းချင်းကြားမှာ သဘောထား ရပ်တည်ချက်တွေမတူပဲ ကာလရှည်ကြာ လက်နက်ကိုင် တိုက်ခိုက်နေတဲ့အချိန်အထိ ငြိမ်းချမ်းရေးနဲ့ တရားမျှတရေး မျှော်လင့်ချက်ကို မစွန့်ခဲ့ကြပါဘူး။ နိုင်ငံတဝှမ်းမှာရှိတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အားလုံးအတွက် တစ်နေ့မှာ နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းရေးအဖြေတစ်ရပ်ကို ရှာနိုင်ကြမယ်လို့ ကချင်လူမျိုးတွေက အမြဲယုံကြည်ခဲ့ကြပါတယ်။

    အဲဒီလို မျှော်လင့်ချက်နဲ့ပဲ ၁၉၉၀ကျော် ကာလတွေတုံးက ကချင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲရေး ရခါစအချိန်မှာ မေတ္တာဖွံဖြိုးရေး ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ နှစ်အတော်ကြာအောင် ရပ်ရွာနဲ့ လူ့အသိုက်အဝန်းကို ပြန်လည်ထူထောင်နိုင်ဖို့ ဘဝတွေကို ပြန်လည်ထူထောင်ဖို့ ကျွန်မတို့ အကူအညီတွေ ပေးခဲ့ပါတယ်။ နောက်ပြီး လိုအပ်နေခဲ့တာ ကြာလှပြီဖြစ်တဲ့ အဓိပ္ပါယ်ရှိတဲ့ နိုင်ငံရေးဆွေးနွေးမှုကို ဦးဆောင်ပေးနိုင်မယ့် တရားဝင် အရပ်သားအစိုးရတစ်ရပ် ပေါ်ထွက်လာဖို့ကို မျှော်လင့်စောင့်ဆိုင်း နေခဲ့ကြပါတယ်။ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရဖို့အတွက်ဆိုရင် တည်ငြိမ်ရေးနဲ့ အားလုံးပါဝင်စေရေးတို့ဟာ မရှိမဖြစ် လိုအပ်ချက်တွေ ဖြစ်တယ်ဆိုတာကို အတိတ်က ခါးသီးတဲ့အတွေ့အကြုံတွေက ကျွန်မတို့ကို သင်ခန်းစာပေးခဲ့ပါတယ်။

     
    Transnational Instituteputting ideas into movement since 1974

    Follow us on Facebook, Twitter or YouTube.