Subject: ရက္ခိုင်ပြည်နိုင်ငံရေးအလှုပ်အယမ်းနှင့် နောက်ထပ်စစ်ပွဲတစ်ခု ဖြစ်နိုင်ခြေ - In Burmese: The Dynamics of Arakan Politics and the Possibility of Another War

ရက္ခိုင်ပြည်နိုင်ငံရေးအလှုပ်အယမ်းနှင့် နောက်ထပ်စစ်ပွဲတစ်ခု ဖြစ်နိုင်ခြေ

    This commentary by Kyaw Lynn was first published in English as The Dynamics of Arakan Politics and the Possibility of Another War on 22 July 2022.

    ရက္ခိုင်ပြည်နိုင်ငံရေးအလှုပ်အယမ်းနှင့် နောက်ထပ်စစ်ပွဲတစ်ခု ဖြစ်နိုင်ခြေ

    ရခိုင်ပြည်နယ် စစ်တွေမြို့အနီးရှိ ပြည်တွင်း စစ်ဘေးရှောင်စခန်းတစ်ခု/ ဓါတ်ပုံ-TNI
    နစက အစိုးရ နှင့် ရက္ခိုင့်တပ်တော်ကြားတွင် အလွတ်သဘောအပစ်အခတ်ရပ်စဲမှု (de facto ceasefire) လုပ်ထားသော ရက္ခိုင်ပြည်ထဲတွင် တင်းမာမှုများမှာ မြင့်တက်လျက်ရှိသည်။ အမြင်အားဖြင့်ပြောရလျှင် လွန်ခဲ့သောနှစ် စစ်အာဏာသိမ်းပြီးကတည်းက စတင်ဖြစ်ပေါ်လာသော တစ်နိုင်ငံလုံးအတိုင်းအတာ မတည်မငြိမ်မှုများနှင့် ရက္ခိုင်ပြည်ထဲ၌ အတိုင်းအတားတစ်ခုထိ တည်ငြိမ်မှုမှာ ပြောင်းပြန်ဖြစ်လျက် ရှိသည်။ ယခုရေးသားချက်တွင် ကျော်လင်းမှ ပြောင်းလဲနေသော အခင်းအကျင်းများကို ဆန်းစစ် ထားပြီး၊ နှစ်ဖက်ထိပ်တိုက်တိုးမှုများ ခပ်စိပ်စိပ်ရှိလာသော်လည်း ပြင်းထန်သော အကန့်အသတ်မဲ့ အဆုံးအဖြတ်တိုက်ပွဲများအတွက် နှစ်ဖက်စလုံးမှ အဆင်သင့်မဖြစ်သေးကြောင်း ဆိုထားသည်။ သို့သော် လက်တုန့်ပြန်တိုက်ခိုက်မှုများမှာ မြင့်တက်လျက်ရှိပေသည်။

    မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ကြား အလွတ်သဘောအပစ်အခတ်ရပ်စဲမှုအပြီး လပေါင်း (၂၀) ခန့်အကြာတွင် ရက္ခိုင်ပြည်၏ လူမှု-နိုင်ငံရေးတည်ငြိမ်မှုမှာ ဆိုးရွားစွာကျဆင်းလျက်ရှိပြီး၊ ဒေသခံ ပြည်သူလူထုများမှလည်း အနာဂတ်အတွက် စိုးရိမ်ပူပန်ကြလျက်ရှိသည်။ ၂၀၂၁ ဖေဖော်ဝါရီ တွင် နစကမှ စစ်အာဏာသိမ်းမှုကြောင့်သာမက ရက္ခိုင်ပြည်တွင်းတွင် ယခု အပစ်အခတ်ရပ်စဲပြီးချိန်မှစပြီး အပြောင်းအလဲပေါင်းများစွာလည်း ဖြစ်ပေါ်နေခဲ့သည်။ ယခုအချိန်တွင် နှစ်ဖက် လက်နက်ကိုင် အုပ်စုများမှလည်း ၎င်းတို့၏ စစ်ရေးနှင့်နိုင်ငံရေးအကျိုးစီးပွါးများကို ပြန်လည်တွက်ချက်နေကြပြီ ဖြစ်ပါသည်။ အပြန်အလှန် လက်တုန့်ပြန်မှုများကိုလည်း ခပ်စိပ်စိပ်တွေ့လာရသည်။ အဆိုပါ အခင်းအကျင်းမျိုးကို ရက္ခိုင်ပြည်၏ ရှေးဟောင်းမြို့တော်နှင့် လက်နက်ကိုင်တိုက်ပွဲများ ပြင်းထန်ခဲ့သော မြောက်ဦးတွင် ရက္ခိုင့်တပ်တော်မှ မြန်မာအစိုးရဝန်ထမ်း စသုံးလုံးအဖွဲ့ဝင် ၃ ယောက်ကို ဖမ်းဆီးပြီး နောက် နစက မှ ဒေသခံ ၃၀ ခန့်ကို တုန့်ပြန် ဖမ်းဆီးခြင်းတွင်လည်း တွေ့နိုင်ပေသည်။

    အဆိုပါ အဖြစ်အပျက်မတိုင်ခင်ကတည်းက နစက နှင့် ရက္ခိုင့်တပ်တော်၏ နိုင်ငံရေးဦးသျှောင် အဖွဲ့ဖြစ်သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ကြားတွင် တင်းမာမှုများမှာ သိသိသာသာ မြင့်တက်နေသည်ကို တွေ့ရသည်။ အစောပိုင်း ရက်ပိုင်းများအတွင်း နစက၏ စစ်နှင့်ရဲတပ်ဖွဲ့ဝင်များကို ကျောက်တော်၊ ပုဏ္ဏာကျွန်း၊ နှင့် မြောက်ဦးမြို့နယ် တိမ်ညိုတွင်သာမက တောင်ဖက်မြို့နယ်ဖြစ်သော ရမ်းဗြဲတွင်လည်း ရက္ခိုင့်တပ်တော်မှ ဖမ်းဆီးခဲ့သည်ကိုတွေ့ရပေသည်။ လွန်ခဲ့သော ဇွန်လ ၁၄ ရက် သတင်းစာရှင်းလင်းပွဲတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခမှ ၎င်းတို့၏ အုပ်ချုပ်ရေးနှင့် စစ်ရေးအဖွဲ့ဝင်များကို နစကဖက်မှ ဒေသတလွှားတွင် ဖမ်းဆီးခဲ့မှုများကြောင့် ယခုကဲ့သို့ ပြန်လည်ဖမ်းဆီးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အကယ်၍ နစက မှ ဆန္ဒရှိလျှင် အကျဥ်းသားလှဲလှယ်ရေး လုပ်နိုင်သည်ဟုလည်း ဆိုခဲ့ပါသည်။ ဦးခိုင်သုခ၏ ပြောကြားချက်အရဆိုလျှင် ထိုကဲ့သို့ လုပ်ဆောင်ရခြင်းမှာ နစကအစိုးရမှ အလွတ်သဘော အပစ်အခတ်ရပ်စဲရေး၏ ကတိကဝတ်ဖြစ်သော လက်နက်မကိုင်ဆောင်ထားသော၊ စစ်ဝတ်စုံ မဝတ်ဆင်ထားသော နှစ်ဖက်အဖွဲ့ဝင်များကို မဖမ်းဆီးရဟူသော အချက်ကို ချိုးဖောက်သောကြောင့် ထပ်တူတုန့်ပြန်ရခြင်းဖြစ်ကြောင်း ဆိုသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲအတွင်းမှာပင် ၎င်းက ရက္ခိုင်ပြည်တွင်း နောက်ထပ်စစ်ပွဲတစ်ခုမှာ အချိန်မရွေးဖြစ်လာနိုင်ပြီး၊ တတိယလူမှတဆင့် ညှိနှိုင်း ဆောင်ရွက်မှုများမှာလည်း အလုပ်မဖြစ်ကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။

    ပြည်သူလူထုမှ အဆိုပါ အခြေအနေအရပ်ရပ်ကို သတိထားစောင့်ကြည့်လျက်ရှိသည်။ သို့သော် လွန်ခဲ့သော လပိုင်းများအတွင်းတွင်လည်း သိသာသည့် အပြုသဘောတိုးတက်မှုများဖြစ်မလာဘဲ၊ ယခုကဲ့သို့ အပြန်အလှန်ဖမ်းဆီးမှုများမှာလည်း ရက္ခိုင်ပြည်နိုင်ငံရေးတွင် ပိုမိုနက်ရှိုင်းစွာ ဦးတည် ပြောင်းလဲနေသော အခြေအနေများ၏ အပေါ်ယံအစိတ်အပိုင်းများသာ ဖြစ်ပုံရပါသည်။ ပိုအရေးကြီး သော အချိန်အခါတစ်ခုမှာလည်း ကျရောက်လို့ လာပါသည်။


     

    Transnational Instituteputting ideas into movement since 1974

    Follow us on Facebook, Twitter, YouTube and Instagram.