|
This commentary was first published in English as History Repeated: Another Roadblock on Political Change in Myanmar on 12 February 2021.
သမိုင်းတစ်ကျော့ပြန်လည်ခြင်း - မြန်မာ့နိုင်ငံရေး အကူးအပြောင်းအတွက် နောက်လမ်းဆုံးတစ်ခု
သုံးသပ်ချက်စာစု
19 ဖေဖေါ်ဝါရီလ 2021
ယနေ့သည် အနာဂတ်ပြည်ထောင်စုအတွက် တန်းတူညီမျှရေးနှင့် စည်းလုံးညီညွတ်ရေး အခြေခံမူများ ရေးဆွဲပြင်ဆင်ရန် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ၌ စုဝေးခဲ့ကြသည့် သမိုင်းတွင်မည့် ပင်လုံသဘောတူစာ ချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့်နေ့ကို အစွဲပြု၍ ကျင်းပလေ့ရှိသည့် ပြည်ထောင်စုနေ့ဖြစ်သည်။ သို့ သော်လည်း ၂၀၂၁ ခုနှစ်သည် အောင်ပွဲခံရမည့်နေ့ထူးနေ့မြတ်တစ်ရက် မဟုတ်ခဲ့ဘဲ မတရားသဖြင့် တိုင်းပြည်အာဏာရယူထားသည့် တပ်မတော်၏ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကို ဆန့်ကျင်ဆန္ဒပြ သည့်အနေဖြင့် တစ်နိုင်လုံး အုံးအုံးကျက်ကျက် လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန် လမ်းပေါ် ထွက်၍ ဆန္ဒပြရသည့် နေ့ဖြစ်နေခဲ့သည်။ ယခုသုံးသပ်ချက်အတွင်း၌ လက်ရှိအရေးအခင်း မည်မျှ ကြီးကျယ်အရေးပါမှုနှင့် စစ်အုပ်ချုပ်ရေးဖြစ်စဉ်များ၊ နိုင်ငံကျရှုံးမှုနှင့် တိုင်းရင်းသား လက်နက်ကိုင်ပဋိ ပက္ခများ အလွန်အန္တရာယ်ကြီးမားလှသည့်ပုံစံဖြင့် သံသရာတစ်ပတ် ပြန်လည်လာခဲ့သည့် အကြောင်း ရင်းများကို TNI မှ ဆန်းစစ်သုံးသပ်တင်ပြထားသည်။ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ် ရေးကို ရေရာသေချာမှုမရှိသည့် အနာဂတ်တစ်ချိန်ချိန်၌ မဟုတ်ဘဲ ယနေ့ပင် အရေးတကြီးလိုအပ် နေပြီဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့၌တွေ့ရှိရသည့် ရန်ကုန်မြို့ ဆန္ဒပြပွဲများ
ြ
မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး အလားအလာများသည် အလွန် အန္တရာယ်ကြီးသည့် အနေအထားသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်မှ စ၍ နိုင်ငံသည် လက်နက်ကိုင်ပဋိပက္ခ၊ နိုင်ငံကျရှုံးမှုနှင့် နိုင်ငံရေးတစ်ဆို့မှု သံသရာတွင်း ပိတ်မိနေခဲ့ပြီး လူထု၏ ဒီမိုကရေစီရပိုင်ခွင့်နှင့် နိုင်ငံရေးလွတ်လပ်ခွင့်ရရှိရေး စိတ်ကူးမျှော်လင့်ချက်များ အစဉ်တစိုက် ငြင်းပယ်ခံလာခဲ့ရသည်။ စစ်အစိုးရလက်ထက်၌ဖြစ်စေ ရွေးကောက်ခံအစိုးရလက်ထက်၌ဖြစ်စေ တိုင်း ရင်းသားပဋိပက္ခနှင့် နိုင်ငံရေးအကြမ်းဖက်မှုများ ဆက်၍သာကြီးထွားလာခဲ့ပြီး နိုင်ငံအဝှမ်းရှိ လူထုလူ တန်းစားများ၏ အသက်အိုးအိမ်ပျက်စီးဆုံးရှုံးမှုနှင့် တိုင်းတာ၍မရလောက်အောင် ကြီးမားသည့် ထိ ခိုက်နစ်နာမှုများကို ဆက်လက်ခါးစည်းခံနေရဆဲဖြစ်သည်။ လူထုတစ်ရပ်လုံး ဆုံးရှုံးနစ်နာခဲ့ရာ၌ အထူး သဖြင့် အစိုးရအလှည့်အပြောင်းနှင့် အစိုးရတွင်းအာဏာလွန်ဆွဲမှုများအကြား စားဝတ်နေရေးနှင့် လုံခြုံ ရေးအပေါ် ဖိစီးနှိပ်စက်မှုဒဏ်ကို အလူးအလဲခံစားခဲ့ရပြီးဖြစ်သည်။ အလားတူအခြေအနေမျိုး နောက် တစ်ကြိမ် ထပ်မံကြုံတွေ့၍ မဖြစ်တော့ပေ။
မြန်မာနိုင်ငံ(ယခင်က ဗမာနိုင်ငံ)၏ ကိုလိုနီခေတ်လွန် အတွေ့အကြုံများက ပြတ်ပြတ်သားသား သတိ ပေးလျက်ရှိသည်။ အလွှာပေါင်းစုံရှိ လူထုလူတန်းစားများ၏ ဘဝဘက်စုံသာယာဝပြောရေးကို ရှေးရှု၍ စနစ်တကျ မှန်မှန်သွားနေသည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးခရီးကို အကြိမ်ကြိမ်လမ်းဆုံးပို့ခဲ့ကြ သည်။ ၁၉၆၀ ခုနှစ်မှစ၍ အထွေထွေရွေးကောက်ပွဲပေါင်း ၅ ကြိမ် ခေါ်ယူကျင်းပခဲ့ပြီး စစ်တပ်ဖက်မှ နောက်ဆုံးအကြိမ် ကဖျက်ကယက်ပြုလုပ်ခဲ့သည့် တတိယအကြိမ်၌လည်း မြန်မာစစ်တပ်(တပ်မ တော်)ကပင် အဆိုပါအကျပ်အတည်း ပေါ်ပေါက်လာအောင် လှုံ့ဆော်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့သော စွက်ဖက်မှုများအားဖြင့် နောက်ကွယ်မှ စစ်အုပ်ချုပ်ရေးယန္တရား ဆက်လက်လည်ပတ်လာခဲ့ခြင်းဖြစ် သည်။ ယခုအကြိမ်၌ ဗိုလ်ချုပ်နေဝင်းနှင့် ဗိုလ်ချုပ်သန်းရွှေတို့၏ ခြေရာနင်းလာသည့် နောက်ထပ်စစ် အာဏာရှင်လက်သစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ နိုင်ငံ့ခေါင်းကိုင် ဥသျှောင်နေရာကို လုယူသွား ခဲ့ခြင်းဖြစ်သည်။
ဒီမိုကရေစီ လုပ်ငန်းစဉ်အတွင်း စစ်တပ်၏ ပါဝင်စွက်ဖက်မှုကိုပြသည့် သက်သေအထောက်အထားများ အလျှံပယ်ရှိနှင့်ပြီးဖြစ်သည်။ ၁၉၆၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီး ၂ နှစ်အကြာ ၁၉၆၂ ခုနှစ်၌ စစ်အာဏာသိမ်းမှု လိုက်ပါလာခဲ့ပြီး ဝန်ကြီးချုပ်ဦးနုနှင့် အခြားနိုင်ငံရေးခေါင်းဆောင် အများအပြား ဖမ်း ဆီးထိန်းသိမ်းခံခဲ့ရသည်။ ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲရလဒ်များကို အကောင်အထည်ဖော် ခွင့်ပင်မရလိုက်ဘဲ လွှတ်တော်ခေါ်ယူနိုင်ရန် ကြိုးပမ်းနေဆဲမှာပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားအခြေပြုပါတီများ၏ ရွေးကောက်ခံအမတ်များ ဖမ်ဆီးထိန်းသိမ်းခံခဲ့ရသည်။ ယခုတစ် ကြိမ်တွင်လည်း ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ ဖော်ဆောင်မှုနှင့်ပတ်သက်၍ ပေါ်ပေါက်လာသည့် အငြင်း ပွားမှုကို အကြောင်းပြု၍ နောက်ထပ်စစ်အစိုးရယန္တရားတစ်ခုဖြစ်သည့် နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ မှ အာဏာသိမ်းသွားခဲ့ပြီး ကုန်လွန်ခဲ့သည့် ရက်သတ္တပတ်နှစ်ခုမတိုင်မီအချိန်ထိ အစိုးရတွင်း တပ်မ တော်အရာရှိများနှင့် မိတ်ဖက်ဆောင်ရွက်နေခဲ့သည့် NLD ခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြန် သည်။
|
|
|
|
|
|