Subject: အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ဒီမိုကရေစီအတွက်လား၊ ဖက်ဒရယ်အတွက်လား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ဒီမိုကရေစီအတွက်လား၊ ဖက်ဒရယ်အတွက်လား

    This commentary written by Kyaw Lynn was first published in English as The National League for Democracy: A Party for Democracy or Federalism? on 2 October 2020.

    မြန်မာ့သမိုင်း၏အကြီးမားဆုံးသော ၁၉၈၈ ခုနှစ်လူထုအရေးတော်ပုံကြီးမှ ထွက်ပေါ်လာ သော နိုင်ငံရေးပါတီတစ်ခုသည် ယခုအချိန်တွင်တော့ ၄င်း၏အခြေခံ ဗီဇဝိဉာည် (founding spirit) နှင့် ကျင့်ဝတ်ဆန္ဒ (spirit) အား ဖယ်ခွာသွားနေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား စက်တင်ဘာ ၂၇၊ ၁၉၈၈ ခုနှစ်တွင် ဦးအောင်ရွှေ၊ ဦးတင်ဦး၊ ဦးကြည်မောင်၊ ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးအောင်ကြီးတို့၏ ဦးဆောင်မှုဖြင့် ထူထောင်ခဲ့သည်။ နောင်နှစ်များတွင် ၄င်းအနေဖြင့် (ဦး) ခွန်ထွန်းဦး ဦးဆောင်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ဦးစောမြအောင်ဦးဆောင်သော ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ကဲ့သို့သော လူမျိုးစုပါတီများနှင့် အမျိုးသားသွေးစည်းရေးအပေါ် အခြေခံသော မိတ်ဖက်ဆက်ဆံရေးကို ကောင်းစွာထူထောင်နိုင်ခဲ့သည်။ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဆိုင်ရာလှုပ်ရှားမှုများတွင်လည်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

    ၂၀၁၇ ခုနစ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်စဉ်။ ဓါတ်ပုံ- ဧရာဝတီ
     
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ဒီမိုကရေစီအတွက်လား၊ ဖက်ဒရယ်အတွက်လား

    ကျော်လင်း


    07 အောက်တိုဘာလ 2020


    ၁၉၉၀ ရွေးကောက်ပွဲတွင် အဆိုပါပါတီ(၃)ခု (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်) တို့သည်လည်း ၄င်းတို့၏ သက်ဆိုင်ရာ ရွေးကောက်ခံနယ်မြေများတွင် အများစုအနိုင်ရရှိခဲ့ကြသည်။ သို့သော် ထိုအချိန်တွင် စစ်အစိုးရဖြစ်သော ‘နိုင်ငံတော်ငြိမ်ဝမ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့’ (န.၀.တ) (State Law and Order Restoration Council- SPDC) အနေဖြင့် အာဏာလွှဲပေးရန် ပျက်ကွက်ခဲ့ပြီး၊ ဒီမိုကရေစီတောင်းဆိုလှုပ်ရှားသော အုပ်စုများကိုလည်း ပြင်းထန်စွာနှိပ်ကွက်ခဲ့ပြန်သည်။ တုန့်ပြန်သည့်အနေဖြင့် အဆိုပါ ပါတီ(၃)ခုစလုံးသည် လည်း တပ်မတော်မှ ဦးဆောင်သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများတွင် ပါဝင်ရန် ငြင်းပယ်ခဲ့ကြသည်။ တပ်မတော်ကျောထောက် နောက်ခံပြုထားသော ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ ဖြိုးတိုးတက်ရေးပါတီ (Union Solidarity and Development Party- USDP)မှ အနိုင်ရရှိခဲ့သော ၂၀၁၀ အထွေထွေရွေးကောက်ပွဲထိတိုင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်း မရှိဘဲ ဒီမိုကရေစီအမာခံများအဖြစ် ရင်းနှီးသော ဆက်ဆံရေးကိုထူထောင်ခဲ့ကြသည်။ ပြည်ခိုင်ဖြိုးပါတီမှအာဏာရလာသည့်တိုင်အောင် ဦးသိန်းစိန်ခေါင်းဆောင်သော အရပ်သား တစ်ပိုင်းအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကိုသတိကြီးစွာဖြင့် စောင့်ကြည့်နေခဲ့ကြသည်။

    ထိုအချိန်ထိတိုင်အောင် စစ်တပ်(သို့) စစ်တပ်မှကျောထောက်နောက်ခံပြုထားသော စနစ် အားဆန့်ကျင်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အဓိကဗျူဟာမှာ ဒီမိုကရေစီ အုပ်စုများ၊ လူမျိုးစုနိုင်ငံရေးပါတီများနှင့် အခြေခံကျကျ ပူးပေါင်းဆောင်ရွက်ရေးပင် ဖြစ်သည်။သို့သော် အဆိုပါဗျူဟာမှာ တပ်မတော်အား အမျိုးသားနိုင်ငံရေးတွင် တွင်တွင် ကျယ်ကျယ်နေရာပေးထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ၂၀၁၅ ရွေးကောက်ပွဲအား တောင်ပြိုကမ်းပြိုအနိုင်ရသည်နှင့် စတင်ပြောင်းလဲလာတော့သည်။ ထိုကဲ့သို့ စစ်တပ်အားဖွဲ့စည်းပုံအရ သီးခြားအာဏာများပေးထားခြင်းသည်လည်း အနိုင်ရ ပါတီအား နိုင်ငံအနာဂတ်အတွက် အရေးကြီးသောငြိမ်းချမ်းရေး၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးကဏ္ဍတို့တွင် အင်တိုက်အားတိုက် လုပ်ဆောင်နိုင်စွမ်းကို ကန့်သတ်ထားပေ သည်။ (အောက်တွင် ဆက်လက်ဖတ်ရှုပါရန်)

    ထိုကဲ့သို့ ကန့်သတ်ချက်များရှိနေသည့်တိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အပြုသဘောဆောင်ပြောင်းလဲလုပ်ဆောင်နိုင်သော တခြားသော မူဝါဒဆိုင်ရာနယ်ပယ်များ လည်းရှိနေပါသည်။ ယခု ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ဗဟိုနှင့် ပြည်နယ်/တိုင်းအစိုးရများကို စိတ်ကြိုက်ရွေးချယ်နိုင်သလို၊ လွှတ်တော် (၃) ရပ်စလုံးတွင်လည်း ရွေးကောက်ခံပိုင်ခွင့်ရှိနေသည်။ သို့သော် ၄င်းအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင်အများစုအနိုင်ရရှိပြီးသည်နှင့် တခြားသော လူမျိုးစုပါတီများ၏ ပြည်နယ် များတွင်အနိုင်ရရှိခြင်းကို အလေးထားမှု လွန်စွာနည်းပါးခဲ့ပေသည်။ ထိုကဲ့သို့ ဘေးဖယ် ချန်ထားခဲ့ခြင်းသည်ပင် အမျိုးသားဒီမိုကရေစီအစိုးရ၏ အဓိကအားနည်းချက် တစ်ခုဖြစ်ပေ လိမ့်မည်။



     

    Transnational Instituteputting ideas into movement since 1974

    Follow us on Facebook, Twitter, YouTube and Instagram.