Subject: အလင်းထဲက မှောင်ဝါးဝါးဖြစ်နေသော ၂၅ နှစ်ကြာ မွန်ပြည်သစ်ပါတီ အပစ်အခတ်ရပ်စဲရေး သို့မဟုတ် ငြိမ်းချမ်းရေးခရီး

အလင်းထဲက မှောင်ဝါးဝါးဖြစ်နေသော ၂၅ နှစ်ကြာ မွန်ပြည်သစ်ပါတီ အပစ်အခတ်ရပ်စဲရေး သို့မဟုတ် ငြိမ်းချမ်းရေးခရီး
မိခမွန်း

 
ရေးမြို့နယ်၏ ကျေးရွာကျောင်းတစ်ခု၌ လွှင့်ထူထားသည့် မွန်အလံ / မူရင်းဓာတ်ပုံ - မိခမွန်း

ဂျွန်လ ၂၉ ရက်နေ့သည် မွန်ပြည်သစ်ပါတီနှင့် ယခင်စစ်အစိုးရ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးနှင့် ငြိမ်ဝပ်ပိပြားရေးကောင်စီ(နဝတ)တို့ အပစ်အခတ်ရပ်စဲခဲ့သည့် ၂၅ နှစ်မြောက်နှစ်ပတ် လည်နေ့ဖြစ်သည်။ နှစ်ဆယ်ငါးနှစ်သာတိုင်သွားခဲ့သော်လည်း NMSP သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်လျက်ရှိသည့် အစိုးရနှင့် တစ်ဖန်အပစ်အခတ်ရပ်စဲနေရဆဲဖြစ်သလို နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည်လည်း ဆိုးဆိုးရွားရွားတစ်ဆို့နေခဲ့ပြီဖြစ်သည်။ ၂၅ နှစ်မြောက် နှစ် ပတ်လည်နေ့အထိမ်းအမှတ်နေ့၌ မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းအဖွဲ့ဝင်နှစ်ဦးဖြစ်ကြသည် မိခမွန်း နှင့် နိုင်ဆဝါမွန်တို့က မွန်လူထု၏ရှုထောင့်မှနေ၍ အတိတ်ဖြစ်ရပ်များအပေါ် ၎င်းတို့ရှုမြင်သည့် အတိုင်း သုံးသပ်တင်ပြထားကြခြင်းဖြစ်သည်။ ဤသုံးသပ်ချက်နှစ်ခုအတွင်း ၎င်းတို့က အတိတ်ကာ လစိန်ခေါ်မှုများကို မီးမောင်းထိုးပြ၍ အောင်မြင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖြစ် ရှေ့ဆက်နိုင် ရန်အတွက် မဖြစ်မနေ ကိုင်တွယ်ဖြေရှင်းရန်လိုအပ်လျက်ရှိသည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြ ထားကြသည်။ အပစ်အခတ်ရပ်စဲခဲ့ပြီး ၂၅ နှစ်အကြာ ယခုအချိန်၌ မွန်ဒေသ၏ နေရာဒေသအများ အပြားသည် စစ်ပွဲနှင့် ငြိမ်းချမ်းရေးအကြား သောင်မတင်ရေမကျ အခြေအနေမျိုးဖြင့် ခရီးဆက်နေ ကြရဆဲဖြစ်သည်။

 

    ငွေရတုတိုင်ပြီးသည့် မွန်ပြည်သစ်ပါတီ၏ အပစ်ခတ်ရပ်စဲရေးကာလကို ခြေရာခံခြင်း
    ရေးသူ - စဝေါမွန်

     
    ၂၀၁၉ ခုနှစ်၌ ကျင်းပခဲ့သည့် (၁၀) ကြိမ်မြောက် NMSP ညီလာခံသို့ တက်ရောက်လာကြသည့် မွန်ခေါင်းဆောင်များ / မူရင်းဓာတ်ပုံ - ပုံမွန်

    မြန်မာနိုင်ငံ၏ အစိုးအရဆက်ဆက်အား နှစ်ပေါင်း (၄၀) နီးပါး လက်နက်ကိုင်လမ်းစဉ်ဖြင့် မွန်အမျိုး သားနိုင်ငံရေးအတွက် လှုပ်ရှားနေသည့် မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့တွင် တပ်မတော်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုများ ရယူခဲ့သည်မှာ ၂၅ နှစ်ပင်ပြည့်ခဲ့၍ ငွေရတုပင်တိုင်ခဲ့ပြီးဖြစ်သည်။ မွန်ပြည်သစ်ပါတီသည် မြန်မာပြည် တောင်ပိုင်း ဒေသတစ်ခွင်တွင် အခြေစိုက်လှုပ်ရှားခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တစ်ရပ် ဖြစ်သည်။

     
     
    Transnational Instituteputting ideas into movement since 1974

    Follow us on Facebook, Twitter, YouTube and Instagram.