Subject: “အကြပ်အတည်းကို အလကားမဖြစ်စေနဲ့” ကိုဗစ်-၁၉ ကပ်ဘေးနှင့် စားနပ်ရိက္ခာအုပ်စိုးစီမံရေး အခွင့်အလမ်း

“အကြပ်အတည်းကို အလကားမဖြစ်စေနဲ့” ကိုဗစ်-၁၉ ကပ်ဘေးနှင့် စားနပ်ရိက္ခာအုပ်စိုးစီမံရေး အခွင့်အလမ်း
“အကြပ်အတည်းကို အလကားမဖြစ်စေနဲ့”
ကိုဗစ်-၁၉ ကပ်ဘေးနှင့် စားနပ်ရိက္ခာအုပ်စိုးစီမံရေး အခွင့်အလမ်း

 
ကပ်ဘေးအပြီး ကမ္ဘာကြီးတွင် မည်ကဲ့သို့သောအနာဂတ်မျိုးကို မျှော်လင့်နိုင်မည်နည်းဟု ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြခြင်းများပေါ်လာအောင် ကိုဗစ်၁၉က နှိုးဆွပေးပါသည်။ စီးပွားရေးနယ်ပယ်တွင် စိုးမိုးနေသော အငြင်းအခုံတစ်ခုမှာ ကမ္ဘာ့စားနပ်ရိက္ခာစနစ်နှင့်သက်ဆိုင်သည်။ ကပ်ဘေးကြောင့် ကော်ပိုရိတ်တို့ လွှမ်းမိုးထားသော ကမ္ဘာ့စားနပ်ရိက္ခာစနစ်ကြီးများ၏ ထိလွယ်ရှလွယ်ရှိပုံများ ထင်ရှားလာပြီး စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ကြီး FAOနှင့် မဟာမိတ်အေဂျင်စီများက မြင်နေကြသကဲ့သို့ ထိုကော်ပိုရိတ်ကြီးစိုးသောစနစ်မှာ အဖြေမဟုတ်ကြောင်း ယခုစာတမ်း တွင်ထောက်ပြထားပါသည်။

Photo credit: Doi Ra (TNI)

ငတ်မွတ်မှုများနှင့် အာဟာရချို့တဲ့မှုများ ကျယ်ပြန့်စွာ မဖြစ်ပေါ်စေရေး အလို့ငှာ လောလောဆယ်တွင် ကမ္ဘာ့စားနပ်ရိက္ခာ ကုန်သွယ်ရေး လမ်းကြောင်းများအား ပိတ်ဆို့နှောင့်ယှက်မှုများမဖြစ်အောင် တားဆီးရေးမှာ အရေးကြီးသော်လည်း ရေရှည်အတွက်ကိုမူ ပြင်ပစားနပ်ရိက္ခာမမှီခိုရစေရေး၊ စားနပ်ရိက္ခာ အုပ်စိုးစီမံရေးတို့ဆီသို့ ရောက်ရှိနိုင်အောင် ကမ္ဘာ့စားနပ်ရိက္ခာ ထုတ်လုပ်မှုစနစ်ကြီးကို မဟာဗျူဟာကျကျပြုပြင်ပြောင်းလဲရန် လိုအပ်နေပြီဖြစ်သည်။ ထိုသို့ ပြုပြင်ပြောင်းလဲကြရာတွင် ကမ္ဘာ့အရင်းရှင် စီးပွားရေးက မွေးထုတ်လိုက်သည့် လူတန်းစား မညီမျှမှု၊ ပဋိပက္ခများ ဖြစ်ပွားမှု၊ ဂေဟစနစ်မတည်ငြိမ်ယိုယွင်းမှု၊ ဖွံ့ဖြိုးရေးအဟကွာခြားမှုများကို ဖြေရှင်းရန် ဉီးတည်သည့် တိုးတက်သည့် အတွေးအမြင်သစ်များကို အခြေခံဆောင်ရွက်သင့်ကြောင်း တိုက်တွန်းလိုက်ရပါသည်။

 

ပို၍ ကောင်းမွန်နိုင်သည့် Covid-19 အရေးပေါ်စီးပွားရေးကုစားမှုအစီအစဉ် အတွက် စဉ်းစားချက်များ


 
ဧပြီလနောက်ဆုံးတပတ်တွင် အစိုးရမှထုတ်ပြန်လိုက်သော Covid-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) သည် ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားအသစ်ကြောင့် နှစ်နှာမှုများကြုံတွေ့ရကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဗိုင်းရပ်စ်ပြန့်ပွားမှုကို တားဆီးရန် lockdown ဆောင်ရွက်ရသောကြောင့် စီးပွားရေး ထိခိုက်မှုအကျိုးဆက် ခံစားနေရမှုများအတွက် ပံ့ပိုးမှုပြုနိုင်ရန် ကြိုဆိုရမည့်ဆောင်ရွက်ချက်အသစ်ဖြစ်ပါသည်။

Photo credit: Doi Ra (TNI)

စာမျက်နှာ ၁၅ရွက်ပေါ်တွင် လုပ်ဆောင်မည့် အချက်ပေါင်း ၅၀ကျော်ဖော်ပြထားပါသည်။ သို့သော် အစီအစဉ်တစ်ခုလုံးကို ခြုံငုံကြည့်ပါက ဆန္ဒရှိသော ဈေးဝယ်စာရင်းကဲ့သို့ဖြစ်နေပါသည်။ လုပ်ဆောင်မှုနှစ်ခုအတွက်သာ တိကျစွာအသုံးပြုမည့် ပမာဏဖော်ပြထားသည်။ အချို့သောကဏ္ဍ အောက်ရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ချေးငွေထောက်ပံ့မှု ကျပ်ငွေ ၅၀၀ ဘီလီယံ (USဒေါ်လာ သန်း ၃၆၀) နှင့် ကုန်သွယ်မှုမြှင့်တင်ရန်အတွက် ကျပ်ငွေ ၁၀၀ ဘီလီယံ (USဒေါ်လာ ၇၂ သန်း) အသုံးပြုမည်ဟု ဖော်ပြပါသည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်နိုင်ရန် ဆောင်ရွက်ရမည့် အရေးကြီးသော လုပ်ဆောင်ချက်များ ပါဝင်နေခြင်း မရှိသေးသည်ကို တွေ့ရပါသည်။

 

    COVID-19 ကပ်ဘေးကာလအတွင်း မြန်မာနိုင်ငံအစိုးရ အပါအဝင် သက်ဆိုင်သူများအားလုံးက အရေးပေါ် အလျင်အမြန် အလေးထား ဆောင်ရွက်ပေးရန်အတွက် အရပ်ဘက်အဖွဲ့အစည်းများ/ ကွန်ရက်များ၏ တိုက်တွန်းနှိုးဆော်ချက်


     
    ကမ္ဘာနှင့်အဝှမ်း လက်ရှိ ဖြစ်ပေါ်နေသော COVID-19 ကပ်ဘေးကာလတွင် မြန်မာနိုင်ငံသည်လည်း ကျန်းမာရေး၊ နိုင်ငံရေးနှင့် လူမှုစီးပွားရေး အဘက်ဘက်မှ ထိခိုက်ခံစားနေရပါသည်။ COVID-19 ကပ်ဘေး ထိခိုက် ခံစားနေရမှုသည် ရေရှည်ဆက်သွားမည့် အခြေအနေဖြစ်ကြောင်း တွေ့မြင်သိရှိ နေရပါသည်။ ယင်းအခြေအနေတွင် မြန်မာ့ အရပ်ဘက် အဖွဲ့အစည်းများနှင့် ကွန်ရက်များ အချို့တို့ သည် ၂၉ - ၄ -၂၀၂၀ ရက်နေ့နှင့် ၁၉ - ၅ -၂၀၂၀ ရက်နေ့တို့တွင် online ဖြင့် တွေ့ဆုံကာ COVID-19 ကပ်ဘေးနှင့် ပတ်သက်၍ မဟာဗျူဟာကျစွာ ချိတ်ဆက် တုံ့ပြန် ဆောင်ရွက်သွားနိုင်ရေး ဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည်။ ယင်းတွေ့ဆုံ ဆွေးနွေးမှုများမှနေ၍ COVID-19 ကပ်ဘေးကာလတစ်လျှောက် လုံးအတွက် အရပ်ဘက်အဖွဲ့အစည်းများ၏ မဟာဗျူဟာကျစွာ ချိတ်ဆက်တုံ့ပြန် ဆောင်ရွက်သွား မည့် ရပ်တည်ချက် (manifesto) ထုတ်ပြန်သွားရန် ရှိပါသည်။ ထိုရပ်တည်ချက်အား ထုတ်ပြန်ရန် အချိန်အတိုင်းအတာ တစ်ခုထိ ယူကာ ပြင်ဆင်နေစဉ် ဖြစ်သော်လည်း အချို့သော ကိစ္စရပ်များသည် ချက်ချင်း အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရန် လိုနေသောကိစ္စရပ်များ ဖြစ်နေသည်ကို တွေ့ရပါသည်။ သို့ဖြစ်ပါ၍ အောက်ဖော်ပြပါ ပါဝင်လက်မှတ်ရေးထိုး ထောက်ခံမှုပြုသော အရပ်ဘက် အဖွဲ့ အစည်း/ ကွန်ရက်များအနေဖြင့် အောက်ပါ အရေးပေါ် ဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်ချက်များ ကို မြန်မာနိုင်ငံအစိုးရအပါအဝင် သက်ဆိုင်သူများအားလုံးက အလျင်အမြန် အလေးထား တုံ့ပြန် ဆောင်ရွက်ပေးရန် တိုက်တွန်း တောင်းဆိုပါသည်။

    အရေးပေါ်ဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်ချက်များ ၁။ တိုက်ပွဲများကို မြန်မာနိုင်ငံ၏ နေရာအားလုံးတွင် ခြွင်းချက်မရှိ ရပ်တန့်ရန်။
    ၂။ စစ်ဘေးသင့်ပြည်သူလူထုနှင့် စစ်ဘေးရှောင်ပြည်သူများ၊ အထူးသဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် တောင်ပိုင်းဒေသများတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းနှင့် COVID-19 နှင့်ပတ်သက် ဆက်နွှယ်သော တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းများကို အစိုးရအနေဖြင့် အမြန်ဆုံး အရေးပေါ် ကူညီထောက်ပံ့ပေးရန်။ အရေးပေါ် အကူအညီထောက်ပံ့ရေး လုပ်ငန်းများကို လက်တွေ့ ဆောင် ရွက်လျက်ရှိသော အရပ်ဘက် အဖွဲ့အစည်းများ သွားရောက် ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ပိတ်ပင် ထားရှိမှုများကို ခြွင်းချက်မရှိ ဖယ်ရှားပေးရန်။

    ၃။ စစ်ရေးပဋိပက္ခဖြစ်ပွားရာ ဒေသများရှိ အရပ်သားများ အကာအကွယ်ပေးရေးနှင့် နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှု ဥပဒေနှင့် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများကို မြန်မာနိုင်ငံ အစိုးရ၊ မြန်မာ့တပ် မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက လေးစားလိုက်နာရန်။

    ၄။ တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်ထားသော အထားမခံသည့် ထုတ်ကုန်များအား နိုင်ငံတော်မှ ဝယ်ယူပြီး လိုအပ်သည့် ပြည်သူများဆီသို့ အမြန်ဆုံးဖြန့်ချိပေးရန်။

    ၅။ စစ်ဘေး စစ်ဒဏ်ခံနေရသော ဒေသများရှိ တောင်သူများ၏ နိုင်ငံတော်ထံမှ ရယူထားသော စိုက်စရိတ် ချေးငွေများကို ခြွင်းချက်မရှိ လျှော်ပေးရန်။ အခြားဒေသများရှိ တောင်သူများမှ ပြန်လည် ပေးဆပ်ရန် ကျန် ရှိနေသော စိုက်စရိတ်ချေးငွေများကို ဆိုင်းငံ့ပေးရန်။

    ၆။ ကိုဗစ်ကာလအတွင်း ပြည်သူလူထု၏ စုဝေးတိုင်ပင်ခွင့်ကို တားဆီး ပိတ်ပင်ထားသည့် အခြေအနေတွင် မြေလွတ် မြေလပ် မြေရိုင်းဥပဒေအရ မြေယာမှတ်ပုံတင်ခြင်း မြေသိမ်းခြင်းအပါအဝင် မြန်မာနိုင်ငံ၏ ရေမြေ နှင့် ဂေဟစနစ်တစ်မျိုးမျိုးကိုအသုံးချ၍ စီးပွားရေးရင်းနှီးမြှုပ်နှံမှုပြုရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက် ရန် ပြင်ဆင်နေသည်များ/ မလိုအပ်သေးသော လုပ်ငန်းများ လုပ်ကိုင်ရန် ပြင်ဆင်နေသည်များ နှင့် ဆောင်ရွက်ဆဲ ကိစ္စရပ်များ ဆက်လက် လုပ်ဆောင်နေခြင်းများ အားလုံးကို ခြွင်းချက်မရှိ ရပ်တန့်ထားရန်။

    ၇။ ကိုဗစ်ကာလအတွင်း ပြည်သူလူထုမှ စုဝေးတိုင်ပင် တုံ့ပြန်နိုင်မည့် အခြေအနေမရှိသည့်အတွက် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုများနှင့် ဒေသခံပြည်သူများကို ထိခိုက်နစ်နာစေသော သတ္တုတူးဖော်မှုများ၊ တူးဖော်ရန် ခွင့်ပြုချထားပေးမှုများ၊ စမ်းသပ် တူးဖော်ခြင်းများ၊ ရေကာတာ တည်ဆောက်မည့် စီမံကိန်းများ၊ ရေအား လျှပ်စစ်ထုတ်ယူမည့် စီမံကိန်းများ၊ စွမ်းအင်ဆိုင်ရာ စီမံကိန်းများအားလုံးကို ခေတ္တရပ်ဆိုင်းထားရန်။

    ၈။ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း တိုက်ပွဲများနှင့် လုံခြုံရေးအကြောင်းပြကာ ပြည်သူများ၏ လွတ် လပ်စွာ သတင်းရယူခွင့်များကို အဟန့်အတားဖြစ်စေသော အင်တာနက်လိုင်းများ ဖြတ်တောက်ခြင်း၊ တိုင်း ရင်းသား သတင်းဝက်ဆိုက်ဒ်များ ပိတ်ပင်ထားခြင်းများကို အမြန်ဆုံး ပြန်လည် ဖွင့်လှစ်ပေးရန်နှင့် သတင်း မီဒီယာများအား လွတ်လပ်စွာ သတင်းရယူခွင့်ကို အမြန်ဆုံး ပြန်လည် စီမံပေးရန်။ သတင်းသမားများအား ရာဇဝတ်မှု ဥပဒေများ အပါအဝင် မတရားသော ဥပဒေများဖြင့် အရေးယူခြင်းများ လုံးဝ မပြုလုပ်ရန်။

    ၉။ အမှန်တကယ် ဆင်းရဲနွမ်းပါးပြီး အကူအညီ မဖြစ်မနေ လိုအပ်သော ပြည်သူများအား ခြွင်းချက်မဲ့ အစား အစာနှင့် ငွေကြေးထောက်ပံ့မှု၊ မရှိမဖြစ် လိုအပ်သော အသုံးအဆောင် ပစ္စည်းများ ထောက်ပံ့မှုကို တစ်လ အတွင်း ထပ်မံ ထောက်ပံ့ပေးရန်။ အဆိုပါ ထောက်ပံ့မှုများ ပြုလုပ်နိုင်ရန်အတွက် လိုအပ်ချက် ဆန်းစစ် လေ့လာမှု (Rapid Need Assessment) ကို အမြန်ဆုံး ပြုလုပ်ရန်။ ထိုဆန်းစစ်လေ့လာမှု ပြုလုပ်ရန်အတွက် အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် အစိုးရဌာနများမှ ပူးပေါင်းဆောင်ရွက်ရန်။

    ၁၀။ အခြေခံ ပညာကျောင်းများ ဇူလိုင်လတွင် ပြန်လည် ဖွင့်လှစ်မည့် အစီအစဉ်ကိုလည်း ကိုဗစ်ရောဂါ အန္တရာယ် ကာကွယ် တားဆီးနိုင်မှု အခြေအနေနှင့် ချိန်ဆကာ ကျောင်းသား၊ ဆရာ၊ မိဘ ပြည်သူများ၏ သဘောထားများကို အခြေခံ၍ ဆုံးဖြတ် ဆောင်ရွက်ရန်။

    ၁၁။ ပြန်လာသော ရွှေ့ပြောင်းအလုပ်သမားများ၊ အလုပ်လက်မဲ့ဖြစ်သွားသော အလုပ်သမားများ၏ စာရင်း ဇယားများကို ကောက်ယူရန်နှင့် လိုအပ်သော ထောက်ပံ့မှုများကို ပေးအပ်သွားရန်။

    ၁၂။ ကျန်းမာရေး ဝန်ထမ်းများအတွက် လိုအပ်သော ရောဂါကာကွယ်မှု ဆိုင်ရာ ပစ္စည်းများ အချိန်မီ ပံ့ပိုး ပေးခြင်းနှင့် အလုပ်ဒဏ်ပိနေခြင်းမှ လျော့ပါးသက်သာရန် စီစဉ်ပေးခြင်းတို့ကို အမြန်ဆုံး လုပ်ဆောင်ပေး ရန်။

    ၁၃။ ကိုဗစ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုမူဝါဒနှင့် အစီအစဉ်များ ချမှတ်ရေး လုပ်ငန်းစဉ်တွင် လူ့အခွင့်အရေး ဒီမိုကရေစီအရေး လူမှုတရားမျှတမှုတို့ကို အခြေခံ၍ ချမှတ် လုပ်ဆောင်ရန်။ အဆိုပါ အစီအစဉ်များနှင့် မူဝါဒများချမှတ်ရာတွင် မသန်စွမ်းနှင့် အမျိုးသမီးများအတွက် ထည့်သွင်းဆောင်ရွက်ကာ ယင်းတို့ကိုယ်တိုင် ပါဝင်စေရန်။

     

    Transnational Instituteputting ideas into movement since 1974

    Follow us on Facebook, Twitter, YouTube and Instagram.